ကမ္ဘာကြီးမှာအချိန်ဆိုတာတည်မြဲနေသရွေှ့ဗုဒ္ဓရဲ့ အဆုံးအမတွေပာာလည်းတည်ရှိနေမှာပါ

Thousands of candles can be lighted
from a single candle,
and the life of the candle will not be
shortened.
Happiness never decreases by being
shared.

Buddha

Dienstag, 16. Juni 2009

လူသားဗုဒ္ဓ

ဘုရားရဲ့ငယ်နာမည်
ဗုဒ္ဓဘုရားဟာ မွေးဖွားစဉ်ကတည်းက ဘုရားအဖြစ် မွေးလာတာမဟုတ်ဘူး။ မွေးဖွားပြီး အသက်(၃၅)နှစ် ရတဲ့အခါမှ ဘုရားအဖြစ်ရသူဖြစ်တယ်။ သူမွေးဖွားစဉ်က လူမိဘနှစ်ပါးမှ လူကလေး တစ်ဦးပဲဖြစ်ခဲ့တယ်။ သူ့ရဲ့လူအမည်က သိဒ္ဓတ္ထပဲ။

ဘုရားမွေးမြေနဲ့ လူမျိုးနွယ်
သိဒ္ဓတ္ထဟာ အိန္ဒိယနိုင်ငံ ဟိမ၀န္တာတောင်တန်းကြီးရဲ့ တောင်ဘက် တောင်ခြေအနီးက တိုင်းပြည်ကလေးတစ်ခုမှာ မွေးဖွားခဲ့တယ်။ သိဒ္ဓတ္ထဟာ သကျလူမျိုးထဲက လူတစ်ယောက်ဖြစ်တယ်။ သကျလူတွေဟာ အဲဒီ ဟိမ၀န္တာတောင်တန်းကြီးရဲ့ အနီးက တောင်ခြေတစ်လျှောက် စီးဆင်းလာတဲ့ မြစ်ကလေးတစ်ခု ၀န်းကျင်မှာ မြို့ပြပြည်ရွာများတည်ပြီး နေကြတဲ့ပုံရှိတယ်။ သိဒ္ဓတ္ထမွေးဖွားတဲ့ တိုင်းပြည်ရဲ့ အမည်က ကပိလ၀တ္ထု ပဲ။ ကပိလ၀တ်လို့ ဗမာတွေကခေါ်ကြတယ်။

ဘုရားမိဘ
သကျလူမျိုးမှာ အနွယ်တွေလည်း ရှိသေးပုံရှိတယ်။ သိဒ္ဓတ္ထအနွယ်ကတော့ ဂေါတမ နွယ်ပဲ။ သိဒ္ဓတ္ထဖခင် သုဒ္ဓေါဒနက ဂေါတမနွယ်ဖြစ်တယ်။ သိဒ္ဓတ္ထရဲ့မိခင် မာယာကတော့ ကပိလ၀တ်ပြည်သူမဟုတ်ဘူး။ ကောလိယ ပြည်သူ သကျလူမျိုးပဲ။ သူ့မိဘနှစ်ပါးဟာ အချင်းချင်း ၀မ်းကွဲမောင်နှမ တော်စပ်သူများပဲ။

ကပိလဂုဏ်ရည်
ကပိလ၀တ္ထုပြည်ဟာ တိုင်းကြီးပြည်ကြီးတစ်ပြည်မဟုတ်ပေမယ့် အယူအဆရေးရာမှာ ထင်ရှားကျော်ကြားတဲ့ တိုင်းပြည်တစ်ပြည်ဖြစ်စရာရှိတယ်။ ကပိလ၀တ္ထုဆိုတဲ့ အတိုင်း ကပိလရဲ့ မြေနေရာ ဖြစ်ဟန်ရှိပါတယ်။ ကပိလရသေ့ကြီး တောကျောင်းနယ်ပယ်ဧရိယာဖြစ်တဲ့ တိုင်းပြည်ပေါ့။ ဒီနေ့ ဗမာပြည်က သာမညတို့ အလံတရာတို့လို တောကျောင်းမှာ လာရောက်ဆည်းကပ်မှီခိုကြသူတွေရဲ့ အိမ်စု၊ ကျေးရွာ၊ နယ်ပယ်၊ မြို့ပြဖြစ်သွားတဲ့ တိုင်းပြည်ဖြစ်ပုံ ရှိပါတယ်။ ပိလသဘောတရားနဲ့ လွှမ်းမိုးအုပ်ချုပ်တဲ့ တိုင်းပြည်ပေါ့ ။
သိဒ္ဓတ္ထမွေးဖွားချိန်မှာ အုပ်ချုပ်သူက သုဒ္ဓေါဒန ၊သဘောတရားရေးက ဒေ၀ိလဖြစ်နေတာ တွေ့ရတယ်။ ဒေ၀ိလဟာ ကပိလရဲ့ တပည့်အဆက်ပဲ ။ သုဒ္ဓေါဒနကတော့ ကပိလလက်ထက်က လူအစုကို အုပ်ချုပ်သူရဲ့ အဆက်ပဲဖြစ်ပါတယ် ။ ကပိလ ဖော်ထုတ်သွားတဲ့ ဒဿနဟာ သင်္ချပဲ။ ဒီဒဿနဟာ ဒီနေ့တော့ ဟိန္ဒူဒဿနဖြစ်နေတယ်။ ဒီဒဿနရဲ့ အရှိန်အ၀ါဟာ ဒီနေ့အထိ ထွန်းလင်းတောက်ပဆဲပဲ ရှိသေးတယ် ။ ဒီတော့ကပိလဟာ အနွယ်သစ်တစ်ခုဖြစ်ပြီပေါ့။ အဲဒါက အမြတ်ဆုံးအနွယ် ဆိုတဲ့ ဂေါတမပဲ။ ဂေါတမဟာ အမြတ်ဆုံးအနွယ်ဆိုတာရဲ့ အမည်ပဲ။ မွေးဖွားချိန်မှာ အုပ်ချုပ်သူက သုဒ္ဓေါဒန ၊ သဘောတရားရေးက ဒေ၀ိလဖြစ်နေတာ တွေ့ရတယ်။ ဒေ၀ိလဟာ ကပိလရဲ့ တပည့်အဆက်ပဲ ။ သုဒ္ဓေါဒနကတော့ ကပိလလက်ထက်က လူအစုကို အုပ်ချုပ်သူရဲ့ အဆက်ပဲဖြစ်ပါတယ် ။

Keine Kommentare:

Kommentar veröffentlichen